2021 ထဲလုပ်ချင်တာလေးများ

Kaung Myat Lwin
2 min readJan 3, 2021
Photo by Diego Jimenez on Unsplash

2020 ကတော့ ပြီးသွားပြီ။ New Year Resolution တို့ ဘာတို့ (နှစ်တိုင်းမဖြစ်ပေမယ့်) ဖြစ်တဲ့ဟာလေးတွေ ရှိတော့ ဒီ article လေးနဲ့ 2021 အကုန်မှာ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ဖို့ ရေးကြည့်လိုက်တယ်။

  1. Weight Gain

တစ်သက်လုံး “နင်ပိန်တယ်နော်” ဆိုတာ အပြောခံရပေါင်းများလှပြီ။ 2020 နှစ်ကုန်လေးမှာ ဘာစိတ်ကူး ထပေါက်မိတယ်မသိ Dumbbell တွေ ဝယ်ပြီး အလေးပြန်မ ဖြစ်တယ်။ 2017 လောက်က ၄-၅ လ လောက် gym သွားဖူးတော့ အဲ့လောက် အချိန်လေး အတွင်းမှာ ပေါင် ၁၀၀ ဝန်းကျင်လေးကနေပြီး ၁၁၀ ကျော်သွားတယ်။ ပုခုံးလေး ဘာလေးထွက်လာတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုလေး ပိုရှိလာတာပေါ့။ အဲ ပြန်မဖြစ်တော့ ဗိုက်တွေဆာကော။ ဗိုက်ဆာတော့ ရှိရှိသမျှသွတ်သလို စျေးက အသားလေးဘာလေး ဝယ်ပြီး ကိုယ်တိုင်လည်း ချက်စားဖြစ်တယ်။ အမဲသားကို တော်တော်လေး နားလည်ပြီး ချက်တတ်ပြုတ်တတ်သွားတယ်။ နောက်ပြီး နွားနို့၊ Almond Milk အစရှိသည်ကို တော်တော်သောက်ဖြစ်တယ်။ အဲ့တော့ နှစ်မကုန်ခင်လေး ဝိတ်ပြန်ချိန်ကြည့်တော့ အံ့သြခြင်းကြီးစွာ ၅ ပေါင်တိတိ တက်လာတာ မြင်ရတယ် (ကျွန်တော်က ဝိတ်အတက် အရမ်းနှေးတယ်)။ အိမ်က လူတွေကလည်း ပြောကြပါတယ် မျက်နှာက ဖောင်းကားလာတာပဲတို့ ဘာတို့၊ ဘော်ဒါတွေလည်း ကြည့်ကောင်းလာတယ် ဘာညာ ပြောကြတာနဲ့ အားတွေတက်ပြီး ဒိုက်တွေထိုး ဘားတွေဆွဲနဲ့ exercise လေးတွေ ပြန်လုပ်ဖြစ်တော့ စိတ်က ပိုပိုကြည်လာတယ်ပေါ့။ 2021 ထဲထိ အဲ့အလေ့အကျင့်လေး သယ်သွားပြီး နှစ်ကုန်တဲ့ထိ gym ပြန်ဆော့မယ်လို့ စိတ်ကူးထားတယ်။

2. New Frontier in Tech (Computer Graphics + Deep Learning + Maths)

JavaScript တွေချည်း ရေးနေတော့လည်း ပျင်းတော့ ပျင်းလာပြီ။ System Architect ပိုင်းကို သင်မယ် ရည်ရွယ်ထားပေမယ့် ပျင်းနေတာကြောင့် မလုပ်ဖြစ်။ ကိုယ့်မှာ အားနည်းချက်က တပွဲထိုး တအားလုပ်တဲ့ အကျင့်ရှိတယ်။ Programmer လုပ်နေတော့ ရေရှည်မှာ ထိန်းသိမ်းရလွယ်မယ့် ကုဒ်ကို အကျင့်ရှိရှိ ရေးတတ်ဖို့ လိုသေးတယ်။ အဲ့တော့ အဲ့အကျင့်လေးတွေ ပြင်ရင်းနဲ့ Programming Language အသစ်တစ်ခု လေ့လာမယ်ပေါ့။ Maintainable Codebase ရေးရတာမျိုး ဖြစ်မယ့်ဟာမျိုး။

ကျွန်တော့်မှာ အကျင့်နောက်တစ်ခုရှိတယ်။ Practical မဟုတ်ပဲ သူများမလုပ်တဲ့ အဆန်းတွေ လျှောက်လုပ်ချင်တာမျိုး။ အဲ့တော့ CS အခြေခံကို ပြန်သွားရင်း၊ Software Architecture လေ့လာရင်း၊ အသစ်အဆန်း လေ့လာရင်းနဲ့ ဘယ်ဟာကို လုပ်ရမလဲလို့ စဥ်းစားရင်း DOOM ETERNAL ထွက်တာနဲ့ ဆော့ဖြစ်ကော။ အဲ့ဂိမ်းက 2020 ထဲမှာ ဆော့ခဲ့သမျှထဲမှာ optimize အဖြစ်ဆုံး ဂိမ်းလို့တောင် ပြောလို့ရတယ်။ အရမ်းကြိုက်လွန်းလို့ သူ့ origins (DOOM I, DOOM II etc..) ကို ဆော့ရင်း၊ လေ့လာရင်း John Carmack တို့ John Romero တို့ရဲ့ ဘဝကို ပုံဖော်ထားတဲ့ Masters of DOOM စာအုပ်ဖတ်ဖြစ်တယ်။ အဲ့စာအုပ်ထဲမှာ သူတို့ရဲ့ DOOM game ဖြစ်လာတဲ့ သမိုင်းကို ဖော်ပြထားတာ တွေ့တော့ အရမ်းတွေ inspire ဖြစ်ပြီး Computer Graphics ဘက်ကို လေ့လာချင်လာတယ်။ CG ပိုင်းကို အဓိက လွှမ်းမိုးတာက C++ ဆိုတော့ အပေါ်က ဖော်ပြထားတဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့အတွက် C++ နဲ့ CG ပိုင်းဆိုင်ရာတွေ လေ့လာဖြစ်တယ်။

CG နဲ့ ပတ်သတ်ပြီး 2021 နှစ်ကုန်ကျရင် OpenGL ပိုင်းကို ထဲထဲဝင်ဝင် သိချင်တယ်။ တလက်စထဲ Vulkan API ပေါ့။ Vulkan API က ရူးမတတ် ခက်တဲ့အတွက် OpenGL ကနေ စကိုင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ WebGL ပိုင်းကျတော့ 3JS တို့ ဘာတို့ သုံးပြီး experiment လေးတွေ လုပ်ဖြစ်ပေမယ့် တစ်ခုမှ မပြဖြစ်ဘူး စုတ်နေလို့။ ပြီးတော့ Mathematics … Linear Algebra + Calculus + Geometry ပိုင်းပေါ့ … တလက်စတည်း ဖြစ်နိုင်ရင် Statistics ပါ ကိုင်ချင်သေးတယ်။ GL တွေကို သေချာပိုင်နိုင်ချင်ရင်တော့ ဒါက ရှောင်လို့ မရဘူး။ အဲ့တော့ ကိုယ့်အတွက် အားလုံးပေါင်း အကျိုးရှိမယ့် Computer Graphics ကို လေ့လာဖြစ်မယ်။ (Career အတွက်တော့ မဟုတ်ဘူး ကိုယ့်ဘာကို စိတ်ပါလို့)

Deep Learning ကျတော့ ကိုစွမ်းထက်အောင်နဲ့ စကားပြောဖြစ်ရင်း … YouTube က SIGGRAPH တွေ လိုက်ကြည့်ရင်း သဘောကျလို့ CG + DL ကို လုပ်ဖြစ်မယ် စိတ်ကူးတယ်။ မက်ရှင်းလမ်းနင်း ဘာလမ်းနင်း ညာလမ်းနင်းက ကိုယ့်ဝါသနာ မဟုတ်ပေမယ့် နောက်ပိုင်း AI based procedural generation လုပ်နိုင်တဲ့ Graphics Engine တွေ ထွက်လာတဲ့အခါ နောက်ကောက် မကျရအောင်လို့ လေ့လာဖြစ်ချင်တယ်။ ကိုယ့် career မှာလည်း အသုံးဝင်တာပေါ့။

3. Indie Game Studio

Indie Game Studio လေး တစ်ခု စချင်တယ်။ လောလောဆယ်တော့ လူမညီသေးလို့ မလုပ်ဖြစ်သေးပေမယ့် hopefully ငွေအားလေး ပြည့်လာတဲ့အချိန် အချိန်ပိုင်း Indie Game လေး တစ်ခုထုတ်ချင်တယ်။ အပေါ်က ပြောထားတဲ့ knowledge တွေက ဒီမှာ လာပေါင်းဖြစ်မယ် ထင်တာပဲ။ ဒါကတော့ အကြီးဆုံး ရည်မှန်းချက်ပေါ့။

ဒီ့ထက်တော့ ထပ်ပြောစရာ မရှိတော့ဘူးထင်။ နှစ်သစ်မှာ ကိုမြင့်နိုင်ကြီး ပပျောက်ပြီး အရာရာ အကောင်းအတိုင်းဖြစ်ပါစေလို့ ဆုတောင်းရင်း … Happy New Years everyone!

--

--